အန်အယ်လ်ဒီအစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတွေအတွက် ချေးပေးထားခဲ့တဲ့ အတိုးမဲ့ချေးငွေတွေ ပြဆပ်ရမယ့်ကာလကို နောက်ထပ် ၃ လ ဆိုင်းပေးတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘဏ္ဍာရေးနဲ့ စီမံကိန်းဌာနက ထုတ်ပြန်ပါတယ်။
အမြဲတမ်းနိုင်ငံ့ဝန်ထမ်းတွေကို ကိုဗစ်ကြောင့် အခက်အခဲမဖြစ်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအစိုးရ လက်ထက်က လစာရဲ့ ၂ ဆကို ချေးငွေအဖြစ် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
မူလက ပြန်ဆပ်ရမယ့်ကာလကို ၁ နှစ်လို့ သတ်မှတ်ထားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် မတ်လအထိ ၂ နှစ်ခွဲလို့ ပြင်ဆင်ခဲ့ပါတယ်။
ဒီငွေတွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ပြန်လည်ကောက်ခံနေတာဖြစ်ပြီး အခုတော့ မတ်လကစလို့ နောက်ထပ် ၃ လ ဆိုင်းငံ့ထားမယ်လို့ မတ်လ ၂၈ ရက်နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာတာပါ။
ကိုဗစ်ရောဂါရဲ့သက်ရောက်မှုတွေနဲ့ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတဲ့အခြေအနေတွေအရ ဝန်ထမ်းတွေလစာလုံလောက်စေဖို့အတွက် ခုလို ရွှေ့ဆိုင်းတာလို့ ကြေညာချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီဟာ သူတို့လက်အောက်မှာ အလုပ်မလုပ်ချင်လို့ အာဏာဖီဖန် CDM လုပ်ထားတဲ့ဝန်ထမ်းတွေဆီကတော့ ချေးငွေကို အဓမ္မပြန်လည်ကောက်ခံနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အဆိုပါ ချေးငွေတွေကို ဝန်ထမ်းတွေအနေနဲ့ ပြန်ဆပ်စရာမလိုတဲ့ ချေးငွေအဖြစ် သတ်မှတ် ကြေညာထားပါတယ်။