Home
မြန်မာသတင်း
မြန်မာပလာဇာကို မြန်မာပြည်သူလူထုက ဆက်လက်သပိတ်မှောက်
DVB
·
March 23, 2022

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ မြန်မာပလာဇာကို ပြည်သူအများစုက ဈေးသွားမဝယ်ဘဲ သပိတ်မှောက်နေတာ ဒီကနေ့ မတ်လ ၂၃ ရက်မှာ   ၄ လ လောက်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာပလာဇာအတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတဲ့ လူငယ်တချို့ကို ပလာဇာလုံခြုံရေးဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ဝေဖန်မှုတွေပြ င်းထန်ခဲ့တာကြောင့် အဲ့ဒီနေ့ညမှာပဲ မြန်မာပလာဇာအတွင်းက ဆိုင်ခန်းတွေက အဆိုပါလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ဆိုင်ခန်းတွေပိတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ မြန်မာပလာဇာကို ဈေးမဝယ်ဘဲ သပိတ်မှောက်ဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ သပိတ်ကော်မတီတွေက တိုက်တွန်းနှိုးဆော်ခဲ့ရာ အဲဒီအချိန်ကစပြီး မြန်မာပလာဇာကို ပြည်သူအများစုက မသွားကြတော့ဘဲ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာပလာဇာအတွင်း ဈေးဝယ်သူအနည်းငယ်နဲ့ စားသုံးသူအချို့ ပြန်လည်ဝင်ရောက်နေတာကို တွေ့ရှိခဲ့ရပေမဲ့ အများစုကတော့ ဈေးဝယ်တာမရှိသလို အရင်လိုမျိုး ဈေးဝယ်သူတွေနဲ့ ပြည့်ကျပ် စည်ကားတာလည်း မရှိပါဘူး။ 

လက်ရှိမြန်မာပလာဇာမှာ ပြန်လည်ဖွင့်လှစ်နေတဲ့ ဆိုင်ခန်းတွေဟာလည်း သပိတ်မှောက်တဲ့အနေနဲ့ ဆိုင်ခန်းတွေပိတ်ကြောင်း ကြေညာပြီးတဲ့ ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ခေါ်ယူဖိအားပေးတဲ့အတွက် ခံဝန်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ရပြီး ဆိုင်တချို့က  အပြီးပိတ်သိမ်းသွားခဲ့ပါတယ်။

မြန်မာပလာဇာအနေနဲ့ ပြည်သူတွေရဲ့ သပိတ်မှောက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ဈေးဝယ်သူနဲ့ လည်ပတ်သူတွေ မြည်လည်ဝင်ရောက်လာကာ အရင်လို ပြန်လည်စည်ကားလာစေဖို့ ပရိုမိုးရှင်းအမျိုးမျိုး၊ ပွဲတော်အမျိုးမျိုး၊ ကံစမ်းမဲအမျိုးမျိုးတွေ ပေးပြီး ဆွဲဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024