သင်္ကြန်ရုံးပိတ်ရက်အတွက် အဝေးပြေးကားလက်မှတ်ခ နှစ်ဆနီးပါး စျေးတက်သွားတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
လက်ရှိ ကျပ်နှစ်သောင်းလောက်ရှိတဲ့ ခရီးစဥ်အတွက် ကားခဟာ သင်္ကြန် ရုံးပိတ်ရက်အတွက် ကြိုတင်ဝယ်မယ်ဆိုရင် ကျပ် ၃ သောင်းကနေ ၃ သောင်းခွဲလောက်အထိ ရှိတယ်လို့ ကိုယ်တိုင် ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ခရီးသွားတစ်ဦးက ဆိုပါတယ်။
“စျေးတက်တာတောင် နောက်ကျရင် လက်မှတ်က ရဖို့မလွယ်ဘူး။ နှစ်တိုင်း ဒီပြဿနာက ကြုံရတယ်။”
သင်္ကြန်ရုံးပိတ်ရက်ဟာ ရက်ရှည်ပိတ်ရက် ဖြစ်တာကြောင့် နှစ်စဥ် အဲဒီကာလမှာ ခရီးသွားများလေ့ ရှိသလို ယာဥ်စီးခတွေကိုလည်း တိုးတောင်းလေ့ရှိပါတယ်။
ဒီနှစ်မှာတော့ သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် ယာဥ်လိုင်းတွေအတွက်လည်း အဆင်မပြေဘူးလို့ ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
“အဲဒီရက်တွေက အသွားပဲ ခရီးသည် ရတာလေ။ အပြန်ကျ ခါလီ ပြန်မောင်းလာရတော့ ယာဥ်လိုင်းတွေအတွက်လည်း သိပ်ကျန်တာ မဟုတ်ဘူး။ ခရီးသည်တွေကတော့ နားလည်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ကနေ နေ့စဥ် အဝေးပြေးကားစီးရေ ၅၀၀ လောက် ပြေးဆွဲနေပြီး ခရီးသည်ဦးရေ ၆၀၀၀ လောက် စီးနင်းလေ့ရှိပါတယ်။
သင်္ကြန်ရုံးပိတ်ရက်မှာတော့ ခရီးသည်အရေအတွက်အပေါ် မူတည်ပြီး ယာဥ်လိုင်းတွေက ကားစီးရေ ထပ်တိုးပြေးဆွဲဖို့ရှိနေတယ်လို့လည်း သိရပါတယ်။