ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မတ်လ ၁၃ ရက် ဒီကနေ့ည ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မီးတုတ်သပိတ် ဆန္ဒပြပွဲကို စစ်ကောင်စီလက်ပါးစေတွေက အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ပြီး အနည်းဆုံး ၆ ယောက်လောက်ကို ဖမ်းဆီးသွားပါတယ်။
တကသများရန်ကုန်အဖွဲ့က ဦးဆောင်ပြီး တခြားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ မြန်မာ့ဂုဏ်ရည်လမ်းအတိုင်း မန္တလေးလမ်းထိပ်ကနေ ၉၂လမ်းထိပ်အထိ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပြီး သပိတ်ခွဲခါနီးမှာ စစ်ကောင်စီလက်ပါးစေတွေက အရပ်ဝတ်တွေနဲ့ဝင်ရောက်ရိုက်နှက်ဖမ်းဆီးကာ သပိတ်ဖြိုခွင်းခဲ့တာပါ။
သပိတ်ဖြိုခွင်းခံရတာကြောင့် ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တဲ့ အကြောင်းနဲ့ ဖမ်းဆီးခံရသူတွေအထဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၃ ယောက်ပါဝင်တယ်လို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။