မန္တလေးတိုင်း၊ အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးနဲ့ ပုသိမ်ကြီးမြို့နယ် လျှပ်စစ် EPC ရုံးတို့မှာ မတ် ၁၁ ရက် ဒီနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ဒွီဗီဘီကို ပြောပါတယ်။
အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးဝင်းအနီး ရန်ကုန် - မန္တလေးလမ်းဟောင်း လမ်းလယ်ကျွန်းမှာ မနက် ၉ နာရီ အချိန်လောက်က မိုင်းနှစ်လုံး ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ရှိမရှိကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မနက် ၇ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့၊ မြို့မရပ်ကွက်၊ ရေထွက်-ပုသိမ်ကြီးသွား ကားလမ်းဘေးက ပုသိမ်ကြီးမြို့နယ် လျှပ်စစ် EPC ရုံး ဝင်ပေါက်မှာ အသံမိုင်း ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီက မန္တလေးမြို့အတွင်းရှိ လမ်းဆုံတွေ၊ ရပ်ကွက်တွေကို ပိတ်ဆို့ စစ်ဆေးနေပြီး တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။