ကမ္ဘာ့ရွှေစျေးကွက်မှာ မတ်လ ၇ ရက်မနက် ရွှေတစ်အောင်စဟာ ၁၉၈၇ ဒေါ်လာထိ ဈေးမြင့်တက်နေပြီး၊ ပြည်တွင်း ရွှေစျေးကလည်း တစ်ကျပ်သားကို ကျပ်သိန်း ၁၉၉၈၀၀၀ ကျပ်အထိ ရောက်ရှိနေပါတယ်။
ဒီစျေးနှုန်းအရ တစ်ပတ်အတွင်း ကမ္ဘာ့ရွှေစျေး ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး၊ မြန်မာရွှေစျေးကတော့ တစ်ကျပ်သားကို ကျပ် ၇၀၀၀၀ ၀န်းကျင် ရာခိုင်နှုန်းအနေနဲ့ ၃ ဒသ ၅ ရာခိုင်နှုန်း တစ်ပတ်အတွင်း မြင့်တက်လာတာပါ။
ပြည်တွင်းစျေးကွက်မှာ ရွှေ၀ယ်လိုအားများလို့ စျေးမြင့်တက်တာမဟုတ်ဘဲ၊ ကမ္ဘာ့ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေး အမြင့်ကြောင့်သာ ပြည်တွင်းရွှေ လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲကြောင့် ကမ္ဘာ့ရွှေစျေးက အကျထက် အတက်မှာသာ ဖြစ်နိုင်ခြေများတယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
လတ်တလော ပြည်တွင်းရွှေစျေးကွက်မှာတော့ ရွှေဆိုင်တချို့က ရွှေဝယ်ယူသူတွေထံကနေ မှတ်ပုံတင် (သို့မဟုတ်) ကားလိုင်စင်၊ လိပ်စာ စသဖြင့် တောင်းခံတာတွေလည်း ရှိလာပါတယ်။