ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်ကို ပေါင်းတည်အကျဉ်းထောင်တွင်း တရားရုံးကနေ ဒီကနေ့ မတ်လ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ သမဂ္ဂအဖွဲ့ဝင်ထံက သိရပါတယ်။
ကိုထက်အောင်နဲ့အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ပုဒ်မ ၅၂ နဲ့ ဖမ်းထားသူ လူငယ် ၂ ယောက်ကိုလည်း ထောင်ဒဏ် ၄ နှစ်စီ ဒီနေ့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
ကိုထက်အောင်ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်ခဲ့သူတယောက်ဖြစ်ပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်သူခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။
ကိုထက်အောင်က ပြည်တက္ကသိုလ် ၊ ဘူမိဗေဒ တတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ရခိုင်အရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် ၁ နှစ်ကျခံခဲ့ရပါတယ်။