Home
မြန်မာသတင်း
မုံရွာမြို့ ၌ ကျောင်းသားများ ပထမဆုံးဖြိုခွင်းခံရသည့် ၁ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြ
DVB
·
February 28, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကျောင်းသားတွေပထမဆုံး ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ  ၂၇ ရက်က ဒေသခံတွေက  အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့လူငယ်တယောက်က “မုံရွာမြို့မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ကတည်းက ပြည်သူတွေအားလုံးက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် အခုလိုနေ့မျိုးမှာစတင် ပစ်ခတ်ပြီး လူသတ်ပွဲ စတင်ခဲ့တာပါ။ အဲ့ဒီလို စတင်နှိမ်နင်းခံရတဲ့ ပထမဆုံနေရာက ပြသာဒ်ကျောင်းမှာပါ။ အခုတော့ တနှစ်ပြည့်သွားပါပြီ။ သူတို့က လူကိုသာသေနတ်နဲ့ ပစ်သတ်လို့ရချင်ရမယ်၊ အမှန်တရားကိုလိုချင်လို့ တော်လှန်နေတဲ့စိတ်ကိုတော့ သတ်ပစ်လို့မရဘူး"လို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့လူငယ်တယောက်က ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ မုံရွာမြို့ခံလူငယ်‌တွေက ကြွေးကြော်သံတွေ ဗွီနိုင်းပိုစ်တာတွေ ကိုင်ဆောင်ကာ မုံရွာ မြို့ရဲ့ နေရာအသီးသီးမှာ ဖိနပ်စုတ်တွေဖြန့်ကြဲပြီး  စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မုံရွာမြို့ပေါ်ရပ်ကွက်တွေက ပိတ်စစ်ကြောင်း၊ မုံရွာလူငယ်များအစည်းရုံးနဲ့ မုံရွာ အခြေခံပညာကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024