ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက် မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ရတနာလမ်း၊ Super One အနီးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၉ နာရီ ၁၂ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရာမှာ ၉ နာရီ ၂၆ မိနစ်က မီးထိန်းနိုင်ပြီး ၉ နာရီ ၃၂ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ထုတ်ပြန်ချက်အရ သိရပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ မြဝတီမင်းကြီးလမ်းမှာလည်း ဒီနေ့မနက် ၉ နာရီ ၅၄ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားနေတဲ့အတွက် Level 1 ယာဉ်အုပ်စုတွေ ထွက်ခွာ မီးငြှိမ်းသတ်နေတယ်လို့ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအနီးမှာလည်း ဒီမနက် ၈ နာရီ ၅၅ မိနစ်လောက်က တောမီးလောင်လို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၉ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
Photo- မီးသတ်တပ်ဖွဲ့