ရန်ကုန်တိုင်းမှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာရောင်းချတဲ့ စားသောက်ဆိုင် ၁၅ ဆိုင်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတိပေးဖောက်ခွဲတာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း ၉ မြို့နယ်မှာရှိတဲ့ စစ်တပ်ထုတ်ကုန်ရောင်းချနေတဲ့ စတိုးဆိုင် ၉ ဆိုင်နဲ့ မြန်မာဘီယာရောင်းချနေတဲ့ စားသောက်ဆိုင် ၁၅ ဆိုင်ကို သတိပေးဖောက်ခွဲခဲ့တာလို့ ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“အဓိကတော့ သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှာမှုအနေနဲ့ စစ်တပ်ထုတ်ကုန်နဲ့ စစ်တပ်ထောက်တိုင်နေရာတွေကို သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲတာပါ။ ဆိုင် ၄ ဆိုင်လောက်မှာ လူတွေများနေလို့ အပြင်ဘက်မှာပဲ ခွဲပြီး သတိပေးခဲ့ပါတယ်။”
စစ်တပ်ထုတ်ကုန်ရောင်းချနေတဲ့ ဆိုင်ရှင်တွေအနေနဲ့ စတိုးဆိုင်တွေ စားသောက်ဆိုင်တွေမှာ မြန်မာဘီယာအပြင် အခြားစစ်တပ်ထုတ်ကုန်တွေကို လုံးဝအရောင်းဖို့အတွက် ထုတ်ပြန်ချက်နဲ့အတူ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ရောင်းချပါက အကြမ်းဖက်စစ်တပ်ထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး ခြွင်းခြက် မရှိ ရှင်းလင်းသွားမယ်လို့ သတင်းထုတ်ပြန်အသိပေးခဲ့တယ်လို့ သိရပါတယ်။