စစ်ကိုင်းတိုင်း ကလေးမြိုနယ် ကြံသာကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့အတွက် တောင်သူတွေက စိုက်ခင်းတွေ ပစ်ထားရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ကြံသာကျေးရွာမှာ အနီးနားဝန်းကျင်က ဒေသခံတွေက စိုက်ခင်းတွေ စိုက်ပျိုးထားပြီး အဲဒီလို ယာခင်းတွေဆီသွားတဲ့ တောင်သူတွေကို စစ်ကောင်စီ တပ်သားတွေက ပစ်ခတ် ဖမ်းဆီးမှုတွေရှိနေတာကြောင့် ရွာသားတွေအနေနဲ့ သွားမရဘူးလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခုလို တပ်စွဲထားတာဟာ ၆ လဝန်းကျင်ရှိနေပြီး ယာခင်းတွေဆီသွားတဲ့ တောင်သူ ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အဆိုပါ ကြံသာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။