Home
မြန်မာသတင်း
စစ်ရှောင်များကို ကျပ် ၅၀၀၀ စီ ကူညီခဲ့သည့် ထားဝယ်က အမျိုးသမီးငယ် ၂ ဦး ထောင်ချခံရ
DVB
·
February 17, 2022

၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းမှာ စစ်တပ်ဖမ်းလိုက်တဲ့ ထားဝယ်ခရိုင် မေတ္တာမြို့နယ် ဟိန္ဒားရွာက တက္ကသိုလ်ကျောင်းသူ ၂ ဦးဖြစ်တဲ့ မအိခြူးခြူးမွန် နဲ့ မလင်းလက်ကြည်တို့ကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

သူတို့ကို အကြမ်းဖက် ပုဒ်မ ၅၂ (ခ) နဲ့ အခုလို ထောင်နှစ်ရှည်ချမှတ်လိုက်တာလို့ ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက် DPPN က ဖော်ပြပါတယ်။

မအိခြူးခြူးမွန်ရဲ့ သူငယ်ချင်းတဦးက “သူတို့က စစ်ဘေးရှောင်တွေကို KBZ pay နဲ့ ၅၀၀၀ စီ ကူညီဖူးတာကို အလှူခံတဲ့လူက အွန်လိုင်းမှာ အမည်နဲ့ဖော်ပြပြီးတဲ့နောက် နေအိမ်တွေမှာ အမည်စာရင်းနဲ့တကွ အဖမ်းခံလိုက်ရတာဖြစ်တယ်” လို့ ပြောပါတယ်။

မအိခြူးခြူးမွန်ဟာ ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု ပထမနှစ်ကျောင်းသူတယောက်ဖြစ်ပြီး မလင်းလက်ကြည်ကတော့ နယ်စပ်ဒေသတိုင်းရင်းသားများ ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) က ကျောင်းသူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ သြဂုတ်လကလည်း ကလိန်အောင်မြို့က အောက်ဆီဂျင် လှူဒါန်းတဲ့ အသက် ၂၀ ဝန်းကျင်အမျိုးသမီးတဦးကို PDF အား ထောက်ပံ့တယ်ဆိုပြီး စစ်တပ်က ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပုံစာ - မအိခြူးခြူးမွန် ၊ မလင်းလက်ကြည်၊ ဟိန္ဒားရွာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024