ဖေဖေါ်ဝါရီ ၁၁ ရက်ညပိုင်းက နေပြည်တော်နယ်မြေအတွင်း အနည်းဆုံး နေရာ ၃ နေရာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြည်ထောင်စုနေ့မတိုင်ခင် နေပြည်တော်မှာ ဖေဖေါ်ဝါရီလဆန်းပိုင်းက စတင်လို့ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက နေပြည်တော် မြို့မဈေးအနီးက အမှတ် ၃ ရဲစခန်းအပါအဝင် နေရာ ၃ နေရာကို နေပြည်တော် PDF အဖွဲ့က တိုက်ခိုက်ခဲ့တာပါ။
နေပြည်တော် မြို့မစျေးအနီး အမှတ် ၃ ရဲစခန်းကို ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်က ချိန်ကိုက်ဗုံးနဲ့ လက်နက်ကြီး ၄၀ မမတို့နဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး ၂ ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပျဉ်းမနားမြို့ ခွကြားရပ်ကွက်က ရေနံသိုလှောင်ရုံနဲ့ တပ်ကုန်းမြို့မဈေးအနီး တို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်လက်ပြီးလည်း နေပြည်တော်အတွင်း စစ်ကောင်စီ ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း နေပြည်တော် PDF အဖွဲ့က ပြောပါတယ်။