မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဖေဖော်ဝါရီလ ၉ ရက် မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
နေပူရွာ၊ ဇော်မင်း၊ အောင်ချမ်းသာ၊ ပတ္တမြား ၊ စိန်ပန်း ဧသုခ၊ သာသနာပိုင် စတဲ့ရပ်ကွက်တွေမှာ ဓာတ်ပုံနဲ့တကွ တိုက်စစ်ပြီး စစ်ဆေးနေတဲ့အပြင် လက်ကိုင်ဖုန်းတွေပါ စစ်ဆေးတယ်လို့ ဆိုကြပါတယ်။
“မနေ့ညကတည်းက ဝင်ရှာတာတွေ လုပ်နေတာ။ မနက်က ထပ်ရောက်လာတယ်။ လမ်းတွေပိတ်ပြီး ဖြတ်သန်းသွားလာလို့ မရအောင် လုပ်ထားတယ်။ တအိမ်တက်ဆင်း စစ်နေတာ။ ဖမ်းခံရတာတွေလည်း ရှိတယ် ကြားတယ်။ အရေအတွက်တော့ မသိသေးဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်သားတွေ လာရောက်ပြီး မဟာလူကယ်ဆယ်ရေးက လူ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။