Home
မြန်မာသတင်း
ဘိုကလေးမြို့တွင် ကာကွယ်ဆေးသုံးကြိမ်ထိုးထားသူ ၁ ဦး ကိုဗစ်ရောဂါကြောင့် သေဆုံး
DVB
·
February 7, 2022

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းက ကိုဗစ်- ၁၉ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးတဲ့ နှလုံးရောဂါအခံရှိတဲ့  အမျိုးသမီးတစ်ဦး  ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် (၄၈ နှစ်) အရွယ် အမျိုးသမီး  တစ်ဦးသေဆုံးခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတွေက သိရပါတယ်။

“သေဆုံးတဲ့ အမျိုးသမီးက နှလုံးရောဂါအခံရှိတယ်။ ကာကွယ်ဆေးလည်း ၃ ကြိမ်ထိုးပြီးပြီ။ အောက်ဆီဂျင်ကျပြီး ဆေးရုံကိုရောက်လာတာ၊ မနက် ၁၁ နာရီ ၄၀ လောက်မှာဆုံးသွားတယ်။ ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ရောဂါနဲ့ ပထမဆုံးသေဆုံးတာ” လို့ ကုတင် ၁၀၀ ဆေးရုံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ကို မြို့နယ် ကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024