ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့်နဲ့ ကုန်စည်တွေသယ်ဆောင်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကကြေညာပါတယ်။
အဆိုပါလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ တစ်ပတ်တစ်ကြိမ် တစ်လတိတိ သွားလာခွင့်ပြုမယ်လို့ ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မတိုင်ခင် အခုလို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ဒီလိုဖြတ်သန်းသွာလာခွင့် ပိတ်ထားပေမယ့် ခြွင်းချက်အနေနဲ့ ကျန်းမာရေးကိစ္စလို အရေးပေါ်ကိစ္စမျိုးကို ဖြတ်သန်းသွာလာခွင့်ပြုမှာဖြစ်ကြောင်းနဲ့ ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူမယ်လို့လို့ KNDF က ထုတ်ပြန်ကြေညာပါတယ်။