စစ်အာဏာရှင်အာဏာသိမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခွဲက အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ပဲခူး BDF က ပြောပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ပဲခူး BDF တွေကို လိုက်လံရှာဖွေခဲ့ပေမဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရတဲ့အပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာတွေ ရှိနိုင်တယ်လို့ ပဲခူး BDF က ပြောဆိုပေမဲ့ DVB က သီးခြားအတည်ပြုဖို့ ရဲတပ်ဖွဲ့ဝင်တွေဆီ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
စစ်ကောင်စီ လက်ပါးစေတွေကို အမြစ်ပြတ်သွားတဲ့အထိ ပဲခူး BDF တပ်ဖွဲ့က မဟာမိတ်တပ်ဖွဲ့တွေ နဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။