Home
မြန်မာသတင်း
မြိတ်တွင် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်က အကြောင်းပြချက်မျိုးစုံဖြင့် ငွေတောင်းခံနေ
DVB
·
December 13, 2021

တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို တားဆီးပြီး အကြောင်းပြချက်မျိုးစုံပြကာ ငွေကြေးတောင်းခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မြိတ်မြို့ ဘုရားကိုင် ညောင်ပင်အောက်မှာ စစ်ကောင်စီ တပ်သားတွေက လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို Mask မတပ်လို့ဆိုပြီး ဒဏ်ငွေ ဆောင်ခိုင်းကာ နောက်ထပ်တစ်နေရာဖြစ်တဲ့ မြိတ်မြို့ ကရာနီ မီးပွိုင့်လမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့တွေကတော့ Mask တပ်လို့ ဒဏ်ငွေဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။ 

လမ်းသွားလမ်းလာတစ်ဦးကတော့ Mask အမည်းရောင်တပ်လို့ ဒဏ်ငွေ သုံးသောင်း ဆောင်လိုက်ရတယ်လို့ မြို့ခံတစ်ဦးက‌ပြောပါတယ်။ 

စစ်ဝတ်စုံ၊ ရဲဝတ်စုံ၊ မီးသတ်ဝတ်စုံနဲ့ အရပ်ဝတ် ဝတ်စုံတွေဝတ်ဆင်ထားတဲ့ ပူးပေါင်းအဖွဲ့တွေက မြိတ်မြို့ နေရာတော်တော်များများမှာ အခုလို ပြုလုပ်နေကြတာလို့ ဆိုပါတယ်။

အဆိုပါအဖွဲ့တွေအနေနဲ့ ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုတ်၊ နောက်ကြည့်မှန်၊ နံပါတ်ပြား ပြည့်စုံမှုရှိမရှိ စစ်ဆေးနေပြီး ပြည့်စုံနေလည်း Mask တပ်ခြင်း မတပ်ခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ အခုလိုငွေကြေးတောင်းခံနေတာလို့ ငွေကြေးပေးခဲ့ရသူက ပြောပါတယ်။  

အခုလို ငွေကြေးတောင်းခံနေတာကြောင့် ဆိုင်ကယ် တက္ကစီ မောင်းနေတဲ့သူတွေအနေနဲ့လည်း အခက်ခဲတွေ့နေကြတယ်လို့ တက္ကဆီမောင်းသူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်စစ်ဆေးတွေ့ရှိရင် စစ်ကောင်စီတပ်ဖွဲ့တွေက ဒဏ်ငွေ ၁၀ သိန်းတောင်းခံပြီး တစ်နှစ်စာ စီးနင်းခွင့် ကတ်ပြား ထုတ်ပေးနေတယ်လို့ သိရပါတယ်။ 

မြိတ်မြို့မှာ အခုလို တောင်းခံနေတာ တစ်ပတ်ဝန်းကျင်ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024