မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကျုံးဘေး ၂၆ လမ်းနဲ့ ၇၈ လမ်းမှာ ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီကျော်အချိန်က ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ် တားဆီးခဲ့ပါတယ်။
လူငယ် ၄ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ စားသောက်ဆိုင်ကနေ အိမ်ကိုအပြန်မှာ စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်တားဆီးတာဖြစ်ပြီး ၁ ဦး သေဆုံးက ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇင်ကိုမြင့် (၂၅-နှစ်)၊ ဘုန်းမြင့်မြတ် (၂၅-နှစ်) တို့က ဆိုင်ကယ် တစ်စီး၊ ရဲနောင်မြင့် (၂၉-နှစ်)၊ ဇင်မင်းထက် (၂၃-နှစ်)တို့က ဆိုင်ကယ်တစ်စီးဖြစ်ပြီး ဘုန်းမြင့်မြတ်မှာ ရင်အုံနဲ့ ခါး ကျည်ဆန်မှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇင်ကိုမြင့်မှာ ဗိုက်နဲ့ပေါင် ကျည်မှန်ဒဏ်ရာ၊ ရဲနောင်မြင့်မှာ နောက်ကျော ကျည်မှန်ဒဏ်ရာ၊ ဇင်မင်းထက်မှာ ဗိုက် ကျည်မှန်ဒဏ်ရာတွေ ရရှိထားပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။