ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာအုပ်စုမှာ ဒီဇင်ဘာလ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ ပါဝင်ပြီး ဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံတွေက အုပ်ချုပ်ရေးမှူးတွေက ဆိုင်ဖွင့်ခွင့်မပြုဘူးလို့ သိရပါတယ်။
ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ ဆိုင်မဖွင့်တာကြောင့် ၇ ရက် ဆိုင်ဖွင့်ခွင့်မပြုကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြေညာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ဖွင့်ပါက စစ်ကောင်စီတပ်တွေကိုခေါ်ပြီး ဖမ်းမယ်လို့ ခြိမ်းခြောက်တာကြောင့် ဒေသခံတွေဟာ ဆိုင်တွေ ပြန်မဖွင့်ရဲကြဘဲ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့လည်း သိရပါတယ်။
မြို့နယ်အချို့မှာလည်း Silent Strike မှာ ပါဝင်တဲ့ ဈေးဆိုင်အချို့ကို ဆိုင်မဖွင့်ဖို့ စစ်ကောင်စီက လိုက်လံခြိမ်းခြောက်နေပြီး ရိုက်နှက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ငြိမ်သက်ခြင်းသပိတ် Silent Strike မှာ မြန်မာနိုင်ငံတဝန်း ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေက အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။