Home
ရုပ်သံ
ချင်းတွင်းမြစ်ကြောင်းအတွင်းက စစ်ကောင်စီရေယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်သံ)
DVB
·
December 11, 2021

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း အထက်ပိုင်းက စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒီဇင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာ PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မော်တော်တစီး နစ်မြုပ်ပြီး စစ်သားအများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ PDF တပ်ဖွဲ့က ပြောပါတယ်။

“ဒီကောင်တွေက စပိဘုတ် ၂ စီးရယ်၊ ဖလက်ခွန်တွေရယ်၊ မော်တော်တွေရယ် အားလုံးပေါင်း ၁၁ စီးဗျ။ မနေ့တုန်းက တိုက်ခိုက်မှုကတော့ စပိဘုတ်တစ်စီး ဖင်ပိုင်းပြတ်သွားတယ်။ အခု ဒီနေ့ကျတော့ မော်တော်တစ်စီးကတော့ ပေါက်ကွဲပြီးတော့ နစ်မြုပ်သွားတယ်ဗျ။ အဲဒါကိုမှ သူတို့ တွဲခေါ်သွားတယ်။ တော်တော်တော့ ကျမယ်ဗျ။ အပြန်အလှန်ပစ်ခတ်တာ ကျနော်တို့ဘက်က ကမ်းဦးပေါ်ကဆိုတော့ အသာစီးရတယ်ဗျ” လို့ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါရေယာဉ် ၁၁ စီးမှာ စစ်အင်အား ၅၀၀ လောက်အထိ ပါလာတယ်လို့ သိရပြီး  ကျောက်စိမ်း ဒါမှမဟုတ် ဟုမ္မလင်းနဲ့ ခန္တီးက စစ်လက်နက်တွေကို ပြန်လည်သယ်ယူလာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ ထောက်ကြန့်ကုန်း၊ အုန်းမ စတဲ့ အရှေ့ဘက်ကမ်းက ကျေးရွာတွေကို ဝင်ရောက်မွှေနှောက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024