Home
မြန်မာသတင်း
Silent Strike သပိတ်နေ့ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ
DVB
·
December 10, 2021

ဒီဇင်ဘာလ ၁၀ ရက်နေ့ မြန်မာနိုင်ငံတဝန်း Silent Strike သပိတ်ပြုလုပ်နေချိန်  ဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာလည်း   နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတယ်လို့ အင်းစိန်ထောင် အသိုက်အဝန်းကနေ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်လို့ ပုဒ်မ  ၅၀၅ (က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေက ထောင်တွင်း ဆန္ဒပြကြတတာလို့ အင်းစိန်ထောင်အနီးဝတ်ကျင်မှာ နေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အားလုံးပေါင်း ဆန္ဒပြတာ ၈၉ ယောက်လို့ကြားတယ်။ နောက်ပြီးအဲ့ ဆန္ဒပြတဲ့ ၈၉ ယောက်လုံးကို ဝင်ရိုက်ကြတယ်။ အသက်ကြီးတဲ့သူတွေပါ အရိုက်ခံရတယ်ကြားတယ်။ ဆန္ဒပြ ဦးဆောင်သူကိုတော့ တိုက်ပိတ်သွားမယ်လို့ သတင်းကြားတယ်။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ အင်းစိန်ထောင်မှူးကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ  ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ 

ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ငြိမ်သက်ခြင်းသပိတ် Silent Strike အဖြစ် မြန်မာနိုင်ငံတဝန်းမှာ ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေကလည်း နေအိမ်ကနေ အပြင်မထွက်ဘဲ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024