မုံရွာမြို့ သာစည်လမ်း၊ အရှေ့လယ်တီဘုန်းကြီးကျောင်းအနီးမှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲ လောက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ တယ်လို့ အနီးဝန်းကျင်နေသူတွေက ပြောပါတယ်။
“လယ်တီရပ်ကွက်မြောင်းပိုင်းက ကလေးတွေပါ။ လူငယ်သဘာဝ မုန့်ပဲ သရေစာဝယ်သွားကြတာ ထင်တယ်။ အဲလိုသွားပြီး သူတို့နဲ့တွေ့ပြီး ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်။ သေနတ်သံ သုံးလေး ချက်ကြားလိုက်တယ်။ တစ်ယောက်ကတော့ နေရာတင်ပွဲချင်းပြီး သေတယ်လို့တော့ကြားရတယ်။ အတိကျတော့ မသိရသေးဘူး။ တစ်ဦးကတော့ ထွက်ပြေးတာ လွတ်သွားတယ်။ အဲဒီလွတ်သွားတဲ့ ကလေးကို စစ်ကောင်စီကရှာနေတုန်း” လို့ လယ်တီရပ်ကွတ်နေပြည်သူတစ်ဦးက ပြောပါတယ်။
မုံရွာမြို့နယ်အတွင်း စစ်ကောင်စီက ဥပဒေအမျိုးမျိုး ကန်သတ်ချက်တွေ နေစဉ်ထုတ်ပြန်နေသလို ပြည်သူတွေကလည်း ထုတ်ပြန်ပြန်တဲ့အမိန့်တိုင်းကို မနာခံဘဲ သူတို့ စစ်ဆေးရာနေရာတွေကို ရှောင်ကွင်းပြီး သွားလာနေကြပါတယ်။
မုံရွာမြို့နယ်အတွင်း ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံရတာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။