မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က လစာလာထုတ်တဲ့ စစ်ကားတစ်စီးကို ဆော PDF နဲ့ လောင်းရှည် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ချို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဆော-လောင်းရှည်လမ်းပိုင်းမှာ မနေ့ ညနေ ၄ နာရီအချိန်လောက်က ဆောမြို့ကို လစာထုတ်ဖို့လာတဲ့ ကပစ (၂၅) က စစ်ကားတစ်စီးကို တိုက်ခိုက်ခဲ့တာလို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီအကြမ်းဖက်စစ်ကားဟာ မိုင်းပေါက်ကွဲတဲ့နေရာကနေ မောင်းပြေးသွားပြီးတော့ လမ်းတစ်လျှောက်မှာ သေနတ်တွေ ပစ်ဖောက်သွားကာ ဒဏ်ရာရ သေဆုံးတာတွေကိုတော့ အတိကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ဆော PDF နဲ့ လောင်းရှည် PDF ညီနောင်မဟာမိတ် ၂ ဖွဲ့လည်း အထိခိုက်၊ အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်အတွင်းမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဆောမြို့နယ်အတွင်းက လမ်းပိုင်းတွေကို အရေးကြီးကိစ္စကလွဲလို့ သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေသွားလာရမယ်ဆိုရင်လည်း အထူးသိပြုသွားလာကြဖို့ သတိပေးထားပါတယ်။