စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းလမ်းခွဲမှာ အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကိုင်းဘက်ကနေလာတဲ့ စစ်ကောင်စီရဲ့ ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)က ကြေညာပါတယ်။
“မြောင်မြို့ပေါ်ကို အင်အားဖြည့်ဖို့ ဝင်လာတဲ့စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဗျ။ အကျဆုံးကတော စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်တစ်ယောက်ကျမယ်။ တပ်သား ၁၅ ဦးကျဆုံးမယ်”လို့ MSPDF တပ်မှ ကိုတိုက်ဂါးက ပြောပါတယ်။
အခုလိုမိုင်းဆွဲတိုက်ခိုက်ရာမှာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ ၊ 27 Revolution Force (မြင်းခြံ) အဖွဲ့နဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဆီးကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီး ပျက်စီးသွားပြီး ကျန်ကားတွေပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်နေချိန် ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ အကျဆုံးမရှိ ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။