ရန်ကုန်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်က မိုင်းခွဲခံရတဲ့ ကလော့ချောင်းတံတားကို ဆောက်လုပ်ရေးလမ်းအင်ဂျင်နီယာတွေက နေ့ရောညပါအမြန်ပြန်လည်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့ ကလော့ချောင်းတံတား ဒေသအခေါ် ပေ ၄ဝ တံတားဟာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းပေါက်ကွဲ ဖျက်ဆီးခံရပြီး တံတားရဲ့ ယက်မ ၁ ချောင်း ပျက်စီးသွားခဲ့တာကြောင့် အိမ်စီးကားနဲ့ တန်ချိန်နည်းတဲ့ ကားတွေကိုတော့ ဖြတ်သန်းသွားလာခွင့်ကို ပေးထားပါတယ်။
တန်ချိန်များတဲ့ ကုန်တင်ယာဉ်ကားတွေကိုတော့ လက်တလောမှာ ဖြတ်သန်းခွင့် မပြုသေးဘဲ အချိန်မီ ကုန်စည်ပို့ဆောင်ရေးတွေ ပုံမှန်သွားလာလို့ ရအောင်လည်း သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနမှ လမ်းအင်ဂျင်နီယာတွေက အပူတပြင်း ဆောက်လုပ်နေကြတာပါ။
တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပက်သက်ပြီး ရေး PDF က လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဘယ်အဖွဲ့က ဖောက်ကွဲ ဖျက်ဆီးသွားတာတော့ မသိရှိရသေးပါဘူး။
ပုံ Crd (ANW)