စစ်တပ်တွေ အခြေစိုက်တဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက် မနေ့ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ည ၈ နာရီခွဲလောက်က ဝါယာလက်မှာ ဖွင့်ထားတဲ့ စစ်တပ်အထည်ချုပ်စက်ရုံအနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး ည၉ နာရီလောက်မှာတော့ မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနား ထပ်ပြီးပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပေမဲ့ လူတွေထိခိုက်မှုရှိတယ်လို့ မကြားမိဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။
မင်္ဂလာဒုံမြို့နယ်က စစ်တပ်အများစု အခြေစိုက်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတင်းကျပ်ထားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပေမဲ့ မကြာခဏဆိုသလို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ဖောက်ခွဲမှုတွေ ဖြစ်ပွားလေ့ ရှိနေပါတယ်။