မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်၊ ၄၄ လမ်း နဲ့ ၁၁၁ (I) လမ်းမှာ အောက်တိုဘာ ၃ ရက် ည ၈ နာရီလောက်က အကွက်မှူးတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် (၆၀) ကျော် အရွယ် ဦးချွတ်တားဆိုသူဖြစ်ပြီး အကွက်မှူးဖြစ်တဲ့အပြင် စစ်ကောင်စီကို သတင်းပေးနေသူ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။
ဦးချွတ်တားဟာ အုပ်ချုပ်ရေးမှူးအိမ်ကနေ ပြန်လာတဲ့အချိန်မှာ အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး သေနတ်နဲ့ ၃ ချက်ပစ်သွားကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်သားတွေရောက်လာပြီး အနီးနားပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။