ဒလမြို့ အမှိုက်ပုံကြီးတွင် ဗုံးပေါက်
DVB
·
October 2, 2021
ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ အောက်တိုဘာ ၁ ရက် ည ၈ နာရီလောက်က အားပြင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ကျန်စစ်သားရပ်ကွက်က အမှိုက်ပုံကြီးမှာ ဗုံးပေါက်ကွဲတာပါ။ အသံအတော်ကျယ်တယ်၊ အိမ်တွေပါတုန်သွားတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးမကြာခင် စစ်ကား တွေရောက်လာပြီး ည ၉ နာရီလောက်မှာ သေနတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။