ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီးသူ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အမျိုးသားတယောက် သေဆုံးမှုဟာ နှလုံးရပ်သေဆုံးမှု ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အသက် ၄၀ အရွယ် ဖရာဆောင် ဘူခီယန်ဟာ ပထုံဘိုရွန် ရာချနူဆွန်ဖောင်ဒေးရှင်းမှာ စေ တနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရက်ချဘူရီဒေသတွင်းမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေး AstraZenec ကို တတိယအကြိမ်အားဖြည့်ထိုးနှံပြီးသူလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ခုလိုသေဆုံးမှုအပေါ် မေးခွန်းထုတ်စရာတွေဖြစ်နေခဲ့ပြီး သူ့ရဲ့ ရုပ် အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ရက်ချဘူရီဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။
ဆေးပညာရှင်တွေကတော့ ဖရာဆောင်ရဲ့ သေဆုံးမှုဟာ နှလုံးသွေးလွှတ်ကြောပိတ်ပြီး ရုတ်တရက် နှလုံးရပ်သွားခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဆေးရုံရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထနာဘွန် ပရာဆာနမ်ကတော့ ဖရာဆောင်ရဲ့ သေဆုံးမှုဟာ ဒေသတွင်း ကိုဗစ်-၁၉ တတိယအကြိမ်ထိုးနှံပြီးသူတွေထဲ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး(NHSO) ဆီက လျော်ကြေးငွေရရှိနိုင်ဖို့ တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ရက်ပေါင်း ၃၀ အတွင်း ဘေးထွက် ဆိုးကျိုးကြောင့် သေဆုံးရသူတွေအနေနဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး (NHSO)ဆီ လျော်ကြေးငွေဆောင်းဆိုနိုင်ပြီး မေလ ၁၉ ရက်နေ့ကတည်းက လျော်ကြေး ငွေတောင်းခံခဲ့သူပေါင်း ၃,၈၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး(NHSO)ရဲ့ လျော်ကြေးငွေပေးအပ်မှု နှုန်း ထားတွေထဲမှာတော့ သေဆုံးမှု၊ ဒါမှမဟုတ် မသန်မစွမ်းဖြစ်စေမှုအတွက် ဘတ် ၄ သိန်း အထိ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှု၊ ဒါမှမဟုတ် မသန်မစွမ်းဖြစ်စေမှုအတွက် ဘတ် ၂ သိန်း ၄ သောင်းအထိ၊ နာမကျန်းဖြစ်မှု၊ ဒါမှမဟုတ် ဆက်တိုက်ထိခိုက်ဒဏ်ရာဖြစ်စေမှုအတွက် ဘတ် ၁ သိန်းအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လတ်တလော သေဆုံးသူ ဖရာဆောင်ကတော့ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နဲ့ ဇူလိုင် ၅ ရက်နေ့ တွေမှာ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့တာဖြစ်ပြီး တတိယတကြိမ် ကာ ကွယ်ဆေး မထိုးခင်အထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ညသန်းခေါင်မှာတော့ စတင်ချောင်းဆိုးခဲ့ပြီး မနက်အစောပိုင်း ၂ နာရီလောက်မှာ သေဆုံးနေတာကို မိခင်ဖြစ်သူ က တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဖရာဆောင်ဟာ နာမကျန်းဖြစ်ခဲပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်လို့ သူ့ရဲ့ သေဆုံးမှု သတင်းက ဆွေမျိုးတွေ၊ မိတ်ဆွေေသူငယ်ချင်းတွေအတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့ တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ဈာပနအခမ်းအနားကိုတော့ မနေ့က စတင်ခဲ့ပြီး လာမယ့် ကြာသပတေးနေ့မှာ မီး သင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။