မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ ညက ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၉ ယောက်လောက် သေဆုံးခဲ့တယ်လို့ YDF တပ်ဖွဲ့က စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါမြို့ပေါ်မှာ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီလောက်က ကင်းလှည့်လာတဲ့ စစ်ကောင်စီကား ၂ စီးကို YDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် အပြင်းထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ပစ်ခတ်ပေမယ့် YDF တပ်ဖွဲ့ဘက်က အထိအခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။