အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) စက်တင်ဘာ ၇ ရက် ဒီနေ့မှာ ခုခံတော်လှန်စစ်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီးနောက် မန္တလေးမြို့က လမ်းတချို့မှာ လမ်းသွားလမ်းလာ မရှိသလောက် ကျဲသွားပါတယ်။
မနက်ပိုင်းက စားသောက်ကုန်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို အလုအယက်ဝယ်ယူတာတွေရှိပြီး လမ်းတွေပေါ်မှာ လူစည်ကားပေမယ့် နေ့လယ်ပိုင်းမှာ လူရှင်းသွားပါတယ်။
စစ်ကောင်စီတပ်သားတွေလည်း မန္တလေးမြို့ စက်မှု၊ သင်ပန်းကုန်း၊ မြို့သစ်အရှေ့ခြမ်း၊ စိန်ပန်း စတဲ့နေရာတွေမှာ အင်အားအလုံးအရင်းနဲ့ လှည့်ပတ်နေကြပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။