ကိုဗစ်-၁၉ ရောဂါကပ်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၃ သန်း တန်ကြေးရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီ ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီထောက်ပံ့မှုမှာတော့ မြန်မာပြည်သူတွေဆီ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိုက်ရိုက် ရောက်ရှိစေဖို့ သေသေချာချာလုပ်ဆောင်သွားမှာဖြစ်ပြီး ထောက်ပံ့မှုတွေကို စစ်တပ်ဆီ ပြောင်းလဲရောက်ရှိမသွားစေဖို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် အကာအ ကွယ်ပေးမှုတွေနဲ့ ပေးအပ်သွားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာနဲ့အတူ ဒဏ် ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်နေပေမယ့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။