ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် နေရာ ၃ ခုမှာ ဒီနေ့ မွန်းတည့်ပိုင်းကစပြီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက် တပ်မတော်ဓာတ်သတ္တုစက်ရုံထဲမှာ မွန်းတည့် ၁၂ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စက်ရုံထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
နေ့လယ် ၁ နာရီ ဝန်းကျင်လောက်ကလည်း လှိုင်မြို့နယ် ရွာမကျောင်းလမ်း မီးပွိုင့်အနီး KBZ Bank ရှေ့မှာ ဗုံးနှစ်လုံးနဲ့ ပါရမီမီးပွိုင့်အနီး EPC ဝင်းအနီးမှာ ဗုံးနှစ်လုံး၊ စုစုပေါင်း ၃ နေရာလောက်မှာ အချိန်သိပ်မခြားဘဲ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။