Home
မြန်မာသတင်း
တောင်ငူခရိုင်တွင် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ကေအန်ဒီအို တိုက်ပွဲဖြစ်ပွား
DVB
·
August 24, 2021

ပဲခူးတိုင်း​၊ တောင်ငူခရိုင်၊ ကေအန်ယူတပ်မဟာ ၂ နယ်မြေ ထန်းထပင် (ထောထတူ) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ဒီအိုတပ်ရင်း ၄ တို့ သြဂုတ် ၂၄ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။  

အင်းအားဖြည်းတင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအန်ဒီအို  တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်ရင်း ၄ ရုံးထိုင်မှူးက အတည်ပြုပြောကြားပါတယ်။ 

ကေအန်ဒီအို  တပ်ရင်း ၄ ရုံးထိုင်မှူး ဗိုလ်ကြီးစောတာဘိုမူးက "ဒီမနက် ၆ နာရီမှာဖြစ်တာပါ။ ရေသိုးကြီးရွာအကျော် စစ်ကောင်စီတပ်ရဲ့ ကိုးဒေးစခန်းမရောက်ခင်ဖြစ်တာ။ ၁၈ မိုင်း ၃ လုံး နဲ့ကျနော်တို့ဆွဲပြီးပစ်တယ်၊ စကစက လူသစ်တွေလား ထောင်သားတွေလား မသိဘူး၊ အစုလိုက် အပြုံလိုက်ကိုသွားနေတာ။ ဆွဲမိုင်းဆွဲပြီးတာနဲ့ ရန်သူတွေ အော်သံ ညည်းသံတွေ ကြားနေရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာမှာ နာရီဝက်ကျော်ကြာ​မြင့်ပြီး စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် သေဆုံးသူစာရင်း အတိအကျ အတည်မပြုနိုင်သေးပေမယ့် အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးနိုင်တဲ့အပြင် စစ်ကောင်စီဘက်က အင်အားပိုတိုးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲပိုမိုပြင်းထန်လာဖို့ရှိတယ်လို့ တပ်ရင်း ၄ ရုံးထိုင်မှူးက ဆိုပါတယ်။ 

ကေအန်ဒီအို တပ်ရင်း ၄ ဟာ ဒေါဖခိုမြို့နယ်နဲ့ ထန်းတပင်မြို့နယ် အရှေ့ခြမ်းမှာ အခြေပြုလှုပ်ရှား​နေတာဖြစ်ပြီး သြဂုတ်လမှစတင်ပြီး စစ်ကောင်စီရဲ့တပ်တွေက အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လာတဲ့အတွက် ကေအန်ဒီအို တပ်ရင်း ၄ နဲ့ မကြာခဏရင်ဆိုင် တိုက်ပွဲတွေဖြစ်ပွားလာတာလို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024