စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ ၁၂ ရပ်ကွက်၊ နန်းဖာလုံးအထက (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၂၂ ရက် မနက် ၅ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ တမူး PDF က သတင်းထုတ်ပြန်ထားပါတယ်။
တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ လက်ရုံး ပြောက်ကြားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၂ ဦး သေဆုံးခဲ့ပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တမူး PDF အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို မြေပြင်မှာ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ်တိုက်ခိုက်ချေမှုန်း သုတ်သင်ရှင်းလင်းသွားမယ် သိရပါတယ်။
သြဂုတ် ၂၂ ရက် ညပိုင်းမှာ တမူးမြို့ တစ်မြို့လုံး သေနတ်သံတွေ ကြားနေရပြီး အသိစိတ်အခြေအနေကို မသိရှိရသေးပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။