Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဖယ်ခုံပြည်သူအချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုဟု KNDF ထုတ်ပြန်
DVB
·
August 19, 2021

ဖယ်ခုံမြို့နယ် လွယ်လုံကျေးရွာနေ ပြည်သူ ၅ ဦးနဲ့ စက်တော်ရွာနေ ပြည်သူ ၅ ဦး တို့ကို  ဩဂုတ် ၁၈ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းပြနဲ့ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခု ရက်ပိုင်းတွေအတွင်း ပင်ပုံကျေးရွာနနီးမှာ အင်းအား ၃၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ PNO တပ်တွေ တပ်စွဲထားတဲ့ ပင်ပုံကျေးရွာ ဘုန်းကြီးကျောင်းကနေ အမြောက်တွေနဲ့ ဆက်တိုက်ပစ်ခတ်တဲ့အတွက် လယ်ဟွဲ ကျေးရွာအတွင်း နေအိမ်တွေ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တာကြောင့် အဲဒီကျေးရွာနဲ့ အနီးတဝိုက်က ပြည်သူတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်ဟာ ကယားပြည်နယ် ဘောလခဲမြို့ကနေ နန်းဖက်ကျေးရွာကို ချီတက်နေပြီး လူ ၁၀ ဦးကိုလည်း ကြိုးတုတ် ခေါ်ဆောင်သွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ မည်သည်မည်ဝါဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ PNO တပ်တွေဟာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့အတူ ကရင်နီတပ်တော် KA နဲ့ KNDF တပ်တွေကို အခုရက်ပိုင်းအတွင်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024