စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံရဲစခန်းကနေ ဩဂုတ် ၁၈ ရက် ည ၉ နာရီ၀န်းကျင်က သေနတ်သံတွေနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အလုံရဲစခန်းကနေ သေနတ်ပစ်သံတွေ ကြားရတာက ရဲစခန်းကို အမည်မသိလူ ၂ ယောက် ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ၂ ချက် ပစ်သွားလို့လို့ အတွင်းသတင်းရတယ်။ အခုထိ အလုံမြို့ထဲ ရဲရော စစ်သားတွေရော ခြေရှုပ်နေတယ်”လို့ ရဲစခန်းအနီးနေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အလုံရဲစခန်းကို သေနတ်နဲ့ အပစ်ခံပြီးနောက် စခန်းထဲကနေ ၅ ချက် ပစ်ခတ်ခဲ့သလို လမ်းဆုံနားအထိ ၃ ချက်လိုက်လံပစ်ခဲ့ပေမဲ့ ပစ်ခတ်သူတွေကိုတော့ ဖမ်းဆီး မမိပါဘူး။
ဩဂုတ် ၂၇ ကလည်း အလုံရဲစခန်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း တစ်လုံး တွေ့ရှိခဲ့ပါတယ်။