ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာစျေးမြင့်တက်လာတာနဲ့အတူ တရစပ် မြင့်တက်နေတဲ့ မြန်မာ့ရွှေစျေးက သြဂုတ် ၁၇ ရက် မနေ့ မနက်ပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၁၇ သိန်း ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး နေလည်ပိုင်းမှာတော့ ၁၆ သိန်းခွဲဝန်းကျင်ကို စျေးပြန်ကျဆင်းခဲ့ပါတယ်။
ငွေစက္ကူအသစ်တွေ ရိုက်ထုတ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ ဘဏ်တွေပြိုလဲနိုင်ခြေ ရှိတယ်ဆိုတဲ့ ငွေကြးနဲ့ သက်ဆိုင်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ မြန်မာရွှေနဲ့ ဒေါ်လာဝယ်လိုအားများပြီး တစ်စတစ်စနဲ့ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မေလအတွင်းမှာလည်း ရွှေစျေး တစ်ကျပ်သားကို ၁၇ သိန်းကျော်၊ ဒေါ်လာစျေး ၁၇၃၀ အထိ မြင့်တက်ခဲ့ပြီး စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ခေါ်ယူဆွေးနွေး တယ်လို့ သတင်းထွက်လာပြီး တဲ့ အခါမှာတော့စျေးတွေ ပြန်ကျခဲ့ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ဗဟိုဘဏ်ကလည်း ဒေါ်လာစျေးကို ထိန်းဖို့ ဒေါ်လာတွေ သန်းချီပြီး ထုတ်ရောင်းနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန်ဒေါ်လာ ၃၉ သန်းအထိစံချိန်တင်ထုတ်ရောင်းပြီး ဒေါ်လာစျေးကို ထိန်းဖို့ကြိုးစားပေမဲ့ ဒေါ်လာစျေးက ဆက်တက်နေတုန်းပါပဲ။