စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သြဂုတ် ၁၅ ရက်နေ့ ညပိုင်း ၇ နာရီက ရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “မနေ့ည ၇ နာရီမှာ ဗုံးပေါက်တယ်။ ကလေးမြို့ ရဲစခန်းအတွင်းထဲ ဗုံးပေါက်တယ်။ အဲဒီမှာရှိတဲ့ ရဲ ၅ ဦးလောက် သေဆုံးတယ်လို့ ပြောတာ ကြားတယ်။ အတိအကျကိုတော့ မသိဘူး” လို့ ပြောပါတယ်။
ကလေးရဲစခန်း ဗုံးပေါက်တာနဲ့ပတ်သက်လို့ ကလေး PDF က လုပ်ဆောင်တာလို့ အတည်ပြု ပြောဆိုပါတယ်။
“မနေ့က ဗုံးပေါက်တယ် မှန်တယ်။ ကျနော့်လူတွေ ပြောက်ကျားနဲ့ သွားတယ်။ နေရာအချို့ရယ် ရဲစခန်းရယ် ဗုံးပေါက်တယ်။ ကျနော်တို့ဘက်ကလူတွေ ဖမ်းခံရတာ များတယ်။ ဒါကြောင့် တန်ပြန်လုပ်တယ်။ အဲဒီမှာ ကျနော့်လူတစ်ယောက်က ဆိုင်ကယ်နဲ့ နောက်တစ်နေရာ ဗုံးထောင်ဖို့သွားရင်း သူ့ဆိုင်ကယ်မှာပါလာတဲ့ ဗုံးကပေါက်ပြီး သေဆုံးသွားတယ်” လို့ ကလေး PDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းက ကလေး PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး PDF က ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။