Home
မြန်မာသတင်း
Stay at Home ကြေညာထားသည့် မုံရွာမြို့ကို အချိန်ဖြင့် ထပ်မံကန့်သတ်
DVB
·
August 14, 2021

ကျန်းမာရေးဝန်ကြီးဌာနရဲ့ Stay at Home ကြေညာထားတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဩဂုတ် ၁၄ ရက်ကစပြီး  မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ  စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ကုန်စုံဆိုင်တွေ ရောင်းဝယ်ဖောက်ကားခြင်း မပြုဖို့  မြိုနယ်စည်ပင်သာယာရေး အဖွဲ့က ထပ်မံကန့်သတ်လိုက်ပါတယ်။

  အခုလို ကန့်သတ်ထားပေမဲ့   စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဈေးဆိုင်တွေကိုတော့ မနက် ၄ နာရီမှ ၁၀ နာရီထိ တစ်ကြိမ်၊  ညနေ ၄ နာရီမှ ည ၈ နာရီအထိ  တစ်ကြိမ်   ကိုဗစ်သတ်မှတ်စည်းကမ်းနဲ့ ဈေးရောင်းချခွင့်ပေးထားတယ်လို့ စျေးသည် တစ်ဦးက ပြောပါတယ်။

“ကျမတို့  ဈေးသည်တွေက မနက် ၆ နာရီ ဆိုင်ခင်းတယ်။ ၁၀နာရီမှာ ဆိုင်ပြန်ပိတ်ရတယ်။ ဒီနေ့ စျေးလာ ရောက်ဝယ်ယူတာတွေ အရင်နေ့တွေကထက် ပိုမိုများလာတယ်”လို့  မုံရွာမြို ချင်းတွင်း ရတနာစျေးမှာ  စျေးရောင်းချသူ တစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ  မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း လမ်းမပေါ်ထွက်တဲ့သူတွေကို အရေးယူသွားမယ်လို့လည်း ရပ်ကွက်တိုင်းကို စစ်ကောင်စီက လိုက်လံ ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကို  ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာပြီး ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ဩဂုတ် ၂၂ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024