မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၂၁ လမ်း နဲ့ ၁၂၂ လမ်း ပတ်ဝန်းကျင်၊ မန္တလေး စက်မှုဇုန် ဝန်းကျင်တို့မှာ ဩဂုတ်လ ၁၂ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ဝင်ရောက်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေဟာ အိမ်စီးကားတွေ၊ အရပ်ဝတ်တွေနဲ့ လမ်းတွေမှာ စောင့်ဆိုင်းနေကြတယ်လို့ ဆိုကြပါတယ်။
စက်မှုထဲမှာ နေထိုင်သူ တစ်ဦးက “ဒီနေ့ သင်ပန်းကုန်းဘက်ရော စက်မှုထဲရော စစ်ကောင်စီက လူတွေ ဝင်မွှေနေတာ။ ဟိုနေ့က နေအိမ်တစ်ခုမှာ လက်လုပ်မိုင်းတွေ မိတာနဲ့ ဆက်စပ်နေမလားမသိဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ လမ်းသွား လမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ရပ်တန့် စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် တတ ၄၂ ဘက်မှာ ဩဂုတ်လ ၁၀ ရက်နေ့က နေအိမ်တစ်ခုအတွင်း လက်လုပ်မိုင်းတွေ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။