စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာရပ်ရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ဖွင့်ထားတဲ့ အိမ်ပိုင်ရှင်မိသားစုကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပျံကျကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ကိုဟန်ထွန်းကို မတွေ့တာကြောင့် မိဘနှစ်ပါးနဲ့ သားဖြစ်သူတို့ကို မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းခေါ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပျံကျရွာထဲက CDM ဆရာတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၇ ရက်နေ့ညကလည်း ဒီပဲယင်းမြို့နယ် ဘုရားထွက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၈ ရက်နေ့မှာ ညောင်လှရွာက ဆိုင်ကယ် ၆ စီးကို မီးရှို့ခဲ့ပြီး ရွာသား ၈ ဦးနဲ့ ဝဲကြီးရွာက ၂ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။