မွန်ပြည်နယ်မှာ ဇူလိုင် ၄ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၅ ဦး တွေ့ရှိပြီး အတည်ပြုလူနာ ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပြီး သံဖြူဇရပ်၊ မော်လမြိုင်နဲ့ သထုံမြို့နယ်မှာ ရောဂါ အများဆုံး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေကို ပြည်နယ်အတွင်းက ကိုဗစ်ကုသရေး ဆေးရုံတွေမှာ တက်ရောက်ကုသပေးနေပြီးလို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၅ ရက် မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာပေါင်း အယောက် ၉၀၀ နီးပါးထိ ရှိလာပြီး အဲဒီထဲမှာ ၁၇ ဦး သေဆုံးထားပါတယ်။