စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရဲစခန်းက တပ်ဖွဲ့ဝင် ၄ ဦးမှာ ဇူလိုင် ၄ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံထားရတာတွေ့ရှိခဲ့တယ်လို့ ကသာမြို့ခံတွေထံက သိရပါတယ်။
ကသာမြို့နယ် ရဲစခန်းက တပ်ဖွဲ့ဝင် ၁၂ ဦးကို RDT-Test Kit နဲ့ စစ်ဆေးခဲ့ရာမှာ ၄ ဦးမှာ အခုလို ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒုတပ်ကြပ် အမျိုးသမီး တစ်ဦး၊ တပ်သား အမျိုးသမီးတစ်ဦး၊ တပ်ကြပ် အမျိုးသားတစ်ဦးနဲ့ တပ်သား အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
ကသာမြို့မှာ ဇူလိုင် ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၅ ဦး ရှိခဲ့ပြီး သူတို့ထဲက ၂ ဦး သေဆုံးသွားပြီလို့ သိရပါတယ်။ ရောဂါ ကူးစက်ခံထားရသူတွေနဲ့ ထိစပ်သူတွေကိုလည်း စစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။