စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇူလိုင် ၄ ရက် ညနေပိုင်းလောက်က မူလတန်းကျောင်းအုပ်တစ်ယောက် အသတ်ခံရတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ရွာသာက မူလတန်းကျောင်းအုပ် ဦးကျော်ဦးဟာ မနေ့ ညနေ ၄ နာရီလောက်က သူ့ရဲ့ နေအိမ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “သူ့နေအိမ်မှာ ဓားနဲ့ ဝင်ခုတ်ပြီး သတ်သွားတယ်။ သူ့ ရွာက ရွှေဘိုမြို့နယ် ပလိုင်းရွာသားပါ။ သူက ရွာသာမှာ ကျောင်းအုပ်ဖြစ်တဲ့ တာဝန်ထမ်းဆောင်နေတယ်။ အခု သတ်သွားတာ ဘယ်အဖွဲ့စအည်းဆိုတာ မသိရဘူး” လို့ ပြောပါတယ်။
မူလတန်းကျောင်းအုပ် ဦးကျော်ဦးကို ဘာကြောင့် သတ်သွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။