ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာကြောင့် စစ်ကိုင်းတိုင်း ခန္တီး-မုံရွာခရီးသည်တင် အမြန်ယာဉ်တွေ ပြေးဆွဲမှုကို ဇူလိုင် ၄ ရက်နေ့စပြီး ရပ်နားမယ်လို့ သိရပါတယ်။
ခန္တီး မုံရွာပြေးဆွဲနေတဲ့ စက်လှေပိုင်ရှင်တစ်ဦးက “အခု ကျနော်တို့ ခန္တီး-မုံရွာ ခရီးတင်အမြန်ယာဉ်တွေ ပြေးဆွဲမှု မနက်ဖြန်ကစပြီး ရပ်နားမယ်။ အခုက ခန္တီးမြို့မှာ ကိုဗစ်ကူးစက်မှုများအတွက် ထိန်းတဲ့အနေနဲ့ ခရီးသည်တင်အမြန်ယာဉ်တွေ ရပ်နားမယ်လို့ ခန္တီးမြို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက အကြောင်းကြားလာတယ်” လို့ ပြောပါတယ်။
ခန္တီးကပြည်သူတွေဟာ ရေကြောင်းနဲ့ လေကြောင်းကို အဓိကအားပြု ခရီးသွားရတဲ့ မြို့ဖြစ်ပြီး ရေကြောင်းတွေပိတ်လိုက်တဲ့အတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခန္တီးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ကူးစက်သူ ၁၈ ဦးရှိလာခဲ့ပြီလို့ သိရပါတယ်။ ဆေးရုံဆရာဝန်နဲ့ သူနာပြု ၁၀၀ ကျော်လည်း CDM ဝင်ထားကြပါတယ်။