မန္တလေးတိုင်း ညောင်ဦးမြို့မှာ ဇွန်လ ၂၆ ရက်နေ့မနက်ပိုင်းက အဆောက်အအုံ ၃ ခု မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညောင်ဦးမြို့ ရွှေပြည်နန်းလမ်းကြားမှာ မနက် ၁ နာရီခွဲလောက်က လူခြေတိတ်ဆိတ် အိပ်စက်အနားယူနေချိန် ‘Fit’ လမ်းထဲက Weather Spoon စားသောက်ဆိုင်မီးလောင်ပြီးတော့ နောက်ထပ် အဆောက်အအုံ နှစ်ခုကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီမီးလောင်ကျွမ်းတဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပုဂ္ဂလိက ရေသယ်ယာဉ်တွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့မှာ မနက် ၅ နာရီလောက်က မြို့မကျောင်းနားမှာ ဗုံးပေါက်ကွဲခဲ့သလို ဇွန် ၂၅ ရက်နေ့မနက်ပိုင်းကလည်း အ.ထက. ကျောင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ပြောပါတယ်။