စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ၁၃ ယောက်နဲ့ ဦးစီးအရာရှိ ၆၃ ယောက် စုစုပေါင်း ၇၆ ယောက်ကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်လိုက်ပြီလို့ စစ်ကောင်စီရဲ့ လက်အောက်ခံ စီမံကိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန က ဇွန်လ ၂၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဇွန်လ ၂၁ ရက်နေ့ ၉ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်စည်းကမ်းတွေကို ဖောက်ဖျက်ပြီး အမိန့်ညွှန်ကြားချက်တွေကို မလိုနာသလို အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူတွေကို အားပေးကူညီလို့ဆိုပြီး အခုလိုထုတ်ပယ်ပစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
အခုအလုပ်ထုတ်ခံရတဲ့သူတွေအနေနဲ့ ၂ လစာကြိုတင်ချေးငွေနဲ့ နိုင်ငံခြားပညာသင်စေလွှတ်ရေး ကော်မတီက သတ်မှတ်ထားတဲ့ ကာလအပြည့် တာဝန်မထမ်းဆောင်ရင် ပြန်လျော်ရမယ့် လျော်ကြေးငွေတွေကိုလည်း ပြန်ပေးရမယ်လို့ဆိုပါတယ်။
ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာကိုမကျေနပ်လို့ အယူခံတင်ထားတဲ့ ကာလအတွင်းမှာ လျော်ကြေး ငွေနဲ့ ချေးငွေ ၂ လစာမပေးရင် ဥပဒေကြောင်းအရတရားစွဲခံရမယ်လို့လည်း ပြောဆိုထားပါတယ်။