မြင်းခြံမြို့တွင် ယာဉ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ
DVB
·
June 18, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန်လ ၁၈ ရက် မနက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ၊ ရတနာမိုးစတိုးဆိုင်အနီးမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က ယာဉ်ထိန်းရဲ တစ်ဦးသေနတ်နဲ့အပစ်ခံရလို့သေဆုံးသွားတယ်လို့ ကနဦးသိရပြီး အသေးစိတ်တော့ မသိရသေးပါဘူး။
အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ဆေးနေကြတယ်လို့ သိရပါတယ်။